Watch Spirit: Stallion of the Cimarron Full Movie

၁၉ ရာစုနှစ်မှာအသက်ရှင်နေထိုင်ခဲ့တဲ့ မြင်းရိုင်းလေး Spirit ရဲ့ဇာတ်လမ်းပါ။ အကောင်းဆုံး animation အော်စကာဇကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီးအကြီးအကျယ် အောင်မြင်မှုရခဲ့တဲ့ ကားလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းမှာတော့မြင်းအုပ်ရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ မြင်းရိုင်းလေးSpirit ဟာ သိလိုစိတ်ကို မထိန်းနိုင်ဘဲ စူးစမ်းမှုကြောင့် လူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးအမေရိကန် မြင်းတပ်ဆီကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲဒီမှာ ကျွန်ပြုခံထားရတဲ့ တခြားမြင်းတွေနဲ့ အတူထားပေမယ့် Spiritကို နာခံအောင်ယဥ်ပါးအောင် ဘယ်သူမှ လေ့ကျင့်မပေးနိုင်ပါဘူးတဲ့။ ဒါကို မရမကယဥ်ပါးအောင်လုပ်ဖို့ရည်ရွယ်တဲ့ ကိုလိုနယ်ကြီးနဲ့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာတော့ ဒါ့အပြင် Spiritလေးဟာ သူနဲ့ဘဝတူ အဖမ်းခံထားရတဲ့ လာကိုတာနယ်ခံလူရိုင်းလေး Little Creek နဲ့ ပတ်သတ်မိပြီး Creek ရဲ့မြင်းမလေး Rain နဲ့သံယောဇဉ်တွေ အဲဒီကြားထဲက ကံဆိုးမှုတွေအခက်အခဲတွေကြားထဲမှာ သူဘယ်လို လှုပ်ရှားရုန်းကန်ခဲ့မလဲ ဆိုတာတွေကိုတစ်ဖန်ပြန်လည်ခံစားရမယ့်ဇာတ်ကားလေးပါ
Watch Spirit: Stallion of the Cimarron Full Movie
Watch Spirit: Stallion of the Cimarron Full Movie